ဈေးကွက်အတွင်းမှာ ဆင်တူယိုးမှားကျောက်မျက်တွေများစွာကို တွေ့ရှိရမှာပါ။ကျောက်မျက်ပညာကို လေ့လာမယ် ဒါမှမဟုတ် အရောင်းအဝယ်ကိုစိတ်ဝင်စားပြီး ဈေးကွက်ထဲစဝင်မယ့်သူတယောက်အနေနဲ့ ပထမဆုံးရင်ဆိုင်ကြုံတွေ့ရမယ့် ပုစ္ဆာတခုပါ။ ဥပမာ ခွဲခြားမရအောင်တူနေတတ်တဲ့ အပြာရောင်နီလာနဲ့ မိုးညှင်းနီလာလိုမျိုးပေါ့။ အပြာရောင်ချင်းအတူတူ နာမည်ကပါ ဆင်တူမြန်မာမှုပြုထားတော့ မသိနားမလည်သူအနေနဲ့ အတူတူလို့ ထင်စရာဖြစ်သွားနိုင်သလို မသမာတဲ့ တစ်နည်းအားဖြင့် သေချာစွာရှင်းမပြဘဲ ရောင်းချသူတချို့နဲ့တွေ့ခဲ့ရင် များစွာဆုံးရှုံးရနိုင်ပါတယ်။ ဒီလိုဘဲ တချို့ကျောက်တွေကို လေ့လာမှတ်သားတဲ့နေရာမှာ အရောင်အလိုက်အုပ်စုဖွဲ့လို့ လေ့လာကြရင်း လွယ်ကူမြန်ဆန်တဲ့နည်းလမ်းတချို့နဲ့ ချဉ်းကပ်နိုင်အောင် ရေးသားဖော်ပြထားပေးပါတယ်။ " စိမ်းတိုင်းလည်း ကျောက်စိမ်းတပွင့်မဟုတ်သလို နီတိုင်းလည်း ပတ္တမြားတပွင့် မဟုတ်လေတော့....."