မြန်မာ့မြေမှ ကျောက်မျက်များ

Description

ကျောက်မျက်တွေကို အင်္ဂလိပ် အက္ခရာစဉ်အလိုက် ဖော်ပြထားပြီး မြန်မာအမည်၊ ဒေသအခေါ်အဝေါ် နဲ့ ထွက်ရှိရာ‌ဒေသတွေကို ပြည့်ပြည့်စုံစုံဖော်ပြထားလို့ ကျောက်မျက်လောကမှာ ရှင်သန်လှုပ်ရှားနေသူတွေအတွက် အားထားရမဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ ကျောက်မျက်လောကကို စတင်လေ့လာနေသူတွေ၊ ရောင်းသူ/ဝယ်သူတွေ၊ ကျောက်မျက်သင်တန်းသားတွေနဲ့ ဘူမိဗေဒမောင်နှမတွေအတွက် ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့ရတဲ့ ကျောက်တွေနဲ့ မြန်မာနိုင်ငံမှာ‌တွေ့ရတဲ့ ကျောက်တွေကို နှိုင်းယှဉ်လေ့လာနိုင်ပြီး ကျောက်မျက်နဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ ဗဟုသုတတွေကို ရရှိစေမှာပါ။ ဆရာရဲ့ စာအုပ်လေးက လက်တွေ့နဲ့ သိပ္ပံကို ပေါင်းစပ်ပေးထားတဲ့ ပေါင်းကူးတံတားတစ်ခုဆိုရင်လည်း မမှားပါဘူး။ အားလုံးက စိတ်ဝင်တစားနဲ့ ခဏ ခဏ မေးနေကြတဲ့ ''မြန်မာ့မြေမှ ကျောက်မျက်များ''စာအုပ်လေးကို JEWEL HOUSE GEM LAB မှာ ဝယ်လို့ရပါပြီ။